Sunday, November 23, 2008

ချစ်ခင်စွဲလန်းမိသောရေမွှေးများ
















တို့က ရေမွှေးကိုအလွန်နှစ်သက်စွဲလမ်းတဲ့သူတစ်ယောက်ပါ..Myanmar planet website ထဲမှာလည်းရေမွှေးအကြောင်းကို ရေးခဲ့ဖူးပါတယ်...ပန်းနံ့နဲ့သစ်သီးနံ့လေးတွေက စိတ်ကိုရွှင်လန်းစေပြီးချစ်ခင်နှစ်သက်ဖွယ်ကောင်းပါတယ်..အနံ့ပြင်းလွန်းတဲ့ရေမွှေးတွေကိုတော့





ဝေးဝေးကရှောင်ပါတယ်...ခေါင်းမူးလို့ပါ...အကြိုက်ဆုံးရေမွှေးရယ်လို့မရှိအောင်ဘဲရေမွှေးတော်တော်များများကို စွဲလန်းနှစ်သက်ပါတယ်...ရေမွှေးလက်ဆောင်ရတဲ့နေ့ဟာ အပျော်ဆုံးနေ့လို့တောင်တင်စားလို့ရအောင်ဘဲရေမွှေးအပေါ်ထားတဲ့စွဲလန်းစိတ်က အလွန်ပြင်းပါတယ်..ငယ်ငယ်တုန်းကရေမွှေးပုလင်းလေးတစ်လုံးလက်ဆောင်စပြီးရဖူးတဲ့အခါ အပျော်လွန်စိတ်နဲ့ရေမွှေးကိုအများကြီိးဆွတ်ဖြန်းခဲ့မိတယ်...နေ့လည်ပိုင်းမှာကားစီးပြီးခရီးတစ်ခုကိုသွားတဲ့အခါမှာတော့ ပြင်းထန်လွန်းတဲ့ရေမွှေးရဲ့အနံ့ကြောင့် ရော၊နေပူတဲ့အရှိန်ပါပေါင်းပြီးခေါင်းတောင်မထူနိုင်အောင်မူးမိုက်ခဲ့ဖူးပါတယ်...ဒါနဲ့ဘဲ အဲဒီရေမွှေးပုလင်းလေးကိုနှမြောမြောနဲ့မောင်လေးကိုပေးလိုက်ရဖူးပါတယ်..ယောင်္ကျားလေးနဲ့ပိုလိုက်ဖက်တဲ့အနံ့အပြင်းစားမို့လို့ပါ....နောက်တစ်ခါလက်ဆောင်ရတဲ့ရေမွှေးကTrue loveဆိုတဲ့အမည်လှလှလေးနဲ့ အနံ့လေးလဲချစ်စရာကောင်းလွန်းတဲ့ရေမွှေးလေးပါ....ကိုယ်မနှစ်သက်တဲ့လူတစ်ယောက်က စင်္ကာပူပြန်လက်ဆောင်ဆိုပြီး မုန့်တွေနဲ့အတူလာပေးတဲ့ရေမွှေးလေးပါ..မုန့်တွေကိုတော့ယောင်လို့တောင်စိတ်မ၀င်စားပေမဲ့..ရေမွှေးပုလင်းကိုတော့ အနံ့လေးလဲရရော အရမ်းကိုသဘောကျသွားခဲ့ပါတယ်...တို့စိတ်ထဲမှာဒီလက်ဆောင်လေးကို ပြန်ပေးဖို့စိတ်ကူးခဲ့ပေမဲ့..ရေမွှေးလေးကိုကျတော့ပြန်ပေးချင်တဲ့စိတ်လုံးဝမရှိတာကြောင့်....မုန့်တွေကိုဘဲပြန်ပေးမယ်ဆိုရင်လဲမကောင်းတာကြောင့် ပေးလာတဲ့မုန့်တွေနဲ့အတူရေမွှေးလေးကိုပါလက်ခံလိုက်မိပါတယ်.....ရေမွှေးcrazyတစ်ယောက်ရဲ့အဖြစ်အပျက်လေးတစ်ခုပါ....နောက်ရေမွှေးတစ်မျိုးကတော့ secretလို့ခေါ်တဲ့ရေမွှေးလေးပါ..ဒါလဲလက်ဆောင်ရတဲ့ရေမွှေးပါ..အနံ့လေးကကံ့ကော်ပန်းနံ့လေးမို့ချိုအီအီလေးနဲ့မွှေးလွန်းလှပါတယ်..လွန်ခဲ့တဲ့၁၀နှစ်လောက်ကရခဲ့တဲ့လက်ဆောင်ပါ...အရမ်းကြိုက်လွန်းလို့ ဘယ်နေရာရောက်ရောက်ဒီရေမွှေးကိုဆိုင်တွေမှာရှာပေမဲ့မတွေ့တော့ပါဘူး....နှင်းဆီရနံ့သာဈေးကွက်ထဲမှာရှိပါတော့တယ်..ကံ့ကော်နဲ့လေးကတော့ပျောက်ဆုံးသွားခဲ့ပါပြီ...မမေ့နိုင်တဲ့ရေမွှေးလေးတစ်ခုပါ....ခုခေတ်မှာတော့ရေမွှေးအမျိုး

အစားစုံလင်လှပြီးဈေးအမျိုးအစားလဲစုံလင်လှပါတယ်...နံမည်ကြီးတဲ့ရေမွှေးများဟာလည်းတော်ရုံလူအနားမကပ်နိုင်အောင်ဈေးမြှင့်လွန်းလှပါတယ်..ရေမွှေးကြိုက်သူတစ်ယောက်ဟာ ရေမွှေးဘယ်နှပုလင်းဘဲရှိရှိ တင်းတိမ်ရောင့်ရဲခြင်းမရှိနိုင်ဘဲ အမျိုးအစားစုံစုံလင်လင်ရလေ..သဘောကျလေဖြစ်တတ်ကြတာမို့..ရေမွှေးဈေးကွက်ကြီးကတော့ ဘယ်တော့မှတိမ်ကောပပျောက်သွားဖို့မဖြစ်နိုင်ပါဘူး....သင့်မှာရော...နှစ်သက်သဘောကျစရာရေမွှေးအနံ့ကောင်းကောင်းလေးကိုပိုင်ဆိုင်ထားပြီလား....

ရင်ဖွင့်ခြင်း


တစ်ခါတစ်ရံမှာရေးချင်တာလေးတွေရေးဖို့၊ကိုယ့်ခံစားချက်လေးတွေကိုဝေမျှဖို့အတွက်

ဒီ Blogလေးကိုစတင်လိုက်ပါတယ်....အကြောင်းအရာစုံစုံလင်လင်ဝေေ၀ဆာဆာတင်ပြနိုင်ဖို့အတွက်အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ..အကြောင်းအရာလေးတွေထဲမှာ အမှားလေးများပါခဲ့ရင် နားလည်ခွင့်လွတ်ပေးကြဖို့ အနူးအညွှတ်တောင်းပန်အပ်ပါတယ်...လာရောက်လည်ပတ်ကြသူများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ..လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ...


ခင်မင်စွာဖြင့်


လှလွန်းဆွေ